Saturday, October 27, 2007

သောက်ရန်သင့် မသင့်

အချစ်မရှိတော့တဲ့နောက်
ငါ....
သတိရ လွမ်းဆွတ်မှုတွေ အပြည့်နှင့်
ဘ၀ကို ခရီးဆက်။
ခံစားချက်တွေကို မျိုသိပ်
အရာရာကို စွန့် ပယ်။
စိတ်အလိုကိုလိုက်
လမ်းထင်သည်ကို လျှောက်။
ဧဒင်ဥယျာဉ်ကို အရောက်မှာ...
ချစ်ပန်းသီးကို ရှောင်ဖယ်...
မာယာသစ်သီးကို မစား။
ှဆက်လျှောက်ရင်းနဲ့ 
ငါတွေ့ တယ်...
ဆေးတလုံး
လူနာတယောက် မဟုတ်သော်ငြား
ဆေးလုံးကို ငါကောက်
ဆရာဝန်တယောက် မဟုတ်သော်ငြား
ဆေးလုံးကို စမ်းစစ်
ဒါ အတိတ်ကိုမေ့ပစ်စေနိုင်သော...ဆေးတလုံး
ဒါပေမယ့် ငါ...
တချို့ သော အတိတ်ရဲ့ အချိန်ကာလ( အချို့ )ကိုသာ မေ့ပစ်ချင်သည်။

2 comments:

Angel said...

သိပ်ကောင်းတယ
Keep up your writing of poems.
I understand you, boy.

biggest said...

ပိုသေးရင် အနော်ကိုလည်း တစ်လုံးလောက် အကြွေးတွေ ကို မေ့ထားချင်လို့