မင်းပြောတဲ့ အချစ်က
အဓိပ္ပာယ် မရှိဘူး
မင်းတိုက်တဲ့ ရေကလည်း
အရသာ မပိုပါဘူး
အပြင်အတူသွားလည်း
မင်းက အဖော်တစ်ဦးပဲ
မင်းလုပ်တဲ့ အလုပ်တွေကလည်း
သာမာန် ပါပဲ
ကတိတွေပေးခဲ့လည်း
မင်းကမှမတည်တာ
ငါသိနေလည်း မင်းက
ညာနေတာပဲ
မင်းပေးခဲ့တာတွေလည်း
အားလုံး အတုပဲ
မင်းပြောတဲ့ စကား ငါပြောနိုင်ဖို့ 
ငါ့မှာ ခံစားချက် မရှိဖို့ ပဲ
လိုအပ်တရ်...
Monday, August 27, 2007
ခံစားချက်ရှိခဲ့ တဲ့ ငါ
Posted by boyz at 9:54 PM 0 comments
Labels: ကောင်မလေးတစ်ယောက်အကြောင်း
Sunday, August 26, 2007
နီးခွင့်မရှိသော နှလုံးသားတစုံ
နှလုံးသားနဲ့  စခဲ့တရ်...
နှလုံးသားနဲ့ ပဲအဆုံးသတ်ချင်တရ်...
ခုတော့အဆုံးမှာ အမုန်းများနဲ့ 
တို့ နှစ်ယောက်ဝေးခဲ့ပြီ။
Posted by boyz at 9:55 PM 1 comments
Labels: ကောင်မလေးတစ်ယောက်အကြောင်း
မုန်းမေ့လို့ ရလား
ကောင်မလေးရရ်...
နင်လေ....
ချစ်ခဲ့ပြီးမှ ရက်စက်ရက်သလား...
တွယ်တာခဲ့ပြီးမှ မေ့လို့ ရမလား...
အတွေးတိုင်းမှာ မင်းရှိမှတော့...
နှလုံးသားက မုန်းမရဘူး...
မုန်းလို့ ရရင် မေ့လိုက်ပါ...
မေ့လို့ ရရင် ပြောလှည့်ပါ....
Posted by boyz at 9:52 PM 0 comments
Labels: ကောင်မလေးတစ်ယောက်အကြောင်း
အကြောင်းပြချက်
အသည်းမှာ နှစ်ခြမ်းရှိတရ်
ဆိုတဲ့ အကြောင်းပြချက်နဲ့ 
ရည်းစား နှစ်ယောက်ထားတဲ့
ကောင်မလေးရေ...
တားမြစ်ပိုင်ခွင့်လေး မရပေမဲ့
စိတ်မှာ မင်းအကြောင်းလေးတွေး
ငိုကြွေး ပူဆွေးနဲ့ 
အိပ်မရခဲ့တဲ့
ငါ့ရဲ့ ညလေးတွေအတွက်
ဂရုနာဖက်ပြီး
Posted by boyz at 2:29 AM 0 comments
Labels: ကောင်မလေးတစ်ယောက်အကြောင်း
Friday, August 24, 2007
ပုံပြင်လား
ကောင်မလေးရရ်
ငါလေနင့်ကို လွမ်းရတရ်
အိပ်ခါနီးတိုင်း နင်ငါကိုပုံပြောခိုင်းတရ်လေ...
ငါကပုံသိပ်အများကြီးမပြောတော့ နင်ပဲ ပြောခဲ့ရတရ်လေ...
ဟိုးရှေးရှေးတုန်းက....
မုဆိုးကြီးတယောက်ရှိတရ်တဲ့. တနေ့ ကျတော့ အဲဒီမုဆိုးကြီးက တောထဲကိုသွားရင်း အီးပုံ တပုံ ကို နင်းမိတရ်တဲ့... ဒါနဲ့ သူက ဟာ.ပုံပျက်သွားပြီ ဆိုပြီး ပြင်လိုက်တာ ပုံပြင်တဲ့...
နင်ရော ငါရော ပြောစရာမရှိရင် ဒါပဲပြောခဲ့ကြတာမဟုတ်လား...
အမှန်အတိုင်းဆို ငါနင့် ကိုသတိရနေတယ်....
Posted by boyz at 2:13 AM 0 comments
Labels: ကောင်မလေးတစ်ယောက်အကြောင်း