Saturday, October 27, 2007

သောက်ရန်သင့် မသင့်

အချစ်မရှိတော့တဲ့နောက်
ငါ....
သတိရ လွမ်းဆွတ်မှုတွေ အပြည့်နှင့်
ဘ၀ကို ခရီးဆက်။
ခံစားချက်တွေကို မျိုသိပ်
အရာရာကို စွန့် ပယ်။
စိတ်အလိုကိုလိုက်
လမ်းထင်သည်ကို လျှောက်။
ဧဒင်ဥယျာဉ်ကို အရောက်မှာ...
ချစ်ပန်းသီးကို ရှောင်ဖယ်...
မာယာသစ်သီးကို မစား။
ှဆက်လျှောက်ရင်းနဲ့ 
ငါတွေ့ တယ်...
ဆေးတလုံး
လူနာတယောက် မဟုတ်သော်ငြား
ဆေးလုံးကို ငါကောက်
ဆရာဝန်တယောက် မဟုတ်သော်ငြား
ဆေးလုံးကို စမ်းစစ်
ဒါ အတိတ်ကိုမေ့ပစ်စေနိုင်သော...ဆေးတလုံး
ဒါပေမယ့် ငါ...
တချို့ သော အတိတ်ရဲ့ အချိန်ကာလ( အချို့ )ကိုသာ မေ့ပစ်ချင်သည်။

Monday, August 27, 2007

ခံစားချက်ရှိခဲ့ တဲ့ ငါ


မင်းပြောတဲ့ အချစ်က
အဓိပ္ပာယ် မရှိဘူး
မင်းတိုက်တဲ့ ရေကလည်း
အရသာ မပိုပါဘူး
အပြင်အတူသွားလည်း
မင်းက အဖော်တစ်ဦးပဲ
မင်းလုပ်တဲ့ အလုပ်တွေကလည်း
သာမာန် ပါပဲ
ကတိတွေပေးခဲ့လည်း
မင်းကမှမတည်တာ
ငါသိနေလည်း မင်းက
ညာနေတာပဲ
မင်းပေးခဲ့တာတွေလည်း
အားလုံး အတုပဲ
မင်းပြောတဲ့ စကား ငါပြောနိုင်ဖို့ 
ငါ့မှာ ခံစားချက် မရှိဖို့ ပဲ
လိုအပ်တရ်...

Sunday, August 26, 2007

နီးခွင့်မရှိသော နှလုံးသားတစုံ


နှလုံးသားနဲ့  စခဲ့တရ်...
နှလုံးသားနဲ့ ပဲအဆုံးသတ်ချင်တရ်...
ခုတော့အဆုံးမှာ အမုန်းများနဲ့ 
တို့ နှစ်ယောက်ဝေးခဲ့ပြီ။

မုန်းမေ့လို့ ရလား


ကောင်မလေးရရ်...
နင်လေ....
ချစ်ခဲ့ပြီးမှ ရက်စက်ရက်သလား...
တွယ်တာခဲ့ပြီးမှ မေ့လို့ ရမလား...
အတွေးတိုင်းမှာ မင်းရှိမှတော့...
နှလုံးသားက မုန်းမရဘူး...
မုန်းလို့ ရရင် မေ့လိုက်ပါ...
မေ့လို့ ရရင် ပြောလှည့်ပါ....

အကြောင်းပြချက်

အသည်းမှာ နှစ်ခြမ်းရှိတရ်

ဆိုတဲ့ အကြောင်းပြချက်နဲ့ 

ရည်းစား နှစ်ယောက်ထားတဲ့

ကောင်မလေးရေ...

တားမြစ်ပိုင်ခွင့်လေး မရပေမဲ့

စိတ်မှာ မင်းအကြောင်းလေးတွေး

ငိုကြွေး ပူဆွေးနဲ့ 

အိပ်မရခဲ့တဲ့

ငါ့ရဲ့ ညလေးတွေအတွက်

ဂရုနာဖက်ပြီး

စေတနာ ဗရပွနဲ့  အကြင်နာ မျှလှဲ့ ပါ...

ငါ့ရဲ့ ချစ်သူ


ချစ်ခွင့်မရှိတော့သော ချစ်သူလေးရဲ့ 
နှလုံးသားမဲ့
ရင်ခွင်မှာ
ငါ...
ကြေကွဲခဲ့ရတာ
ကြာခဲ့ပါပြီ။

Friday, August 24, 2007

ပုံပြင်လား

ကောင်မလေးရရ်
ငါလေနင့်ကို လွမ်းရတရ်

အိပ်ခါနီးတိုင်း နင်ငါကိုပုံပြောခိုင်းတရ်လေ...
ငါကပုံသိပ်အများကြီးမပြောတော့ နင်ပဲ ပြောခဲ့ရတရ်လေ...

ဟိုးရှေးရှေးတုန်းက....
မုဆိုးကြီးတယောက်ရှိတရ်တဲ့. တနေ့ ကျတော့ အဲဒီမုဆိုးကြီးက တောထဲကိုသွားရင်း အီးပုံ တပုံ ကို နင်းမိတရ်တဲ့... ဒါနဲ့ သူက ဟာ.ပုံပျက်သွားပြီ ဆိုပြီး ပြင်လိုက်တာ ပုံပြင်တဲ့...

နင်ရော ငါရော ပြောစရာမရှိရင် ဒါပဲပြောခဲ့ကြတာမဟုတ်လား...

အမှန်အတိုင်းဆို ငါနင့် ကိုသတိရနေတယ်....